သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ဗုံး၊ မီးလောင်ဗုံး များဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် မြို့တွင်းနေရာအချို့မီးလောင်နေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းအချိန်မှစ၍ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ ဒရုန်း၊ အသေခံ ဒရုန်း၊ လက်နက်ကြီးများဖြင့် အသုံးပြုကာ မီးလောင် ဗုံး၊ အဆိပ်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် မီးသတ်ရုံး၊ သစ်တောရုံး၊ ရဲစခန်းအပါအဝင် မြို့တွင်း နေရာအချို့မီးလောင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ကြောင့် ကျောက်မဲမြို့နေ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ သည်။
ကျောက်မဲမြို့အနီး ပင်မတီးကျေးရွာ၌ သော်လည်းကောင်း၊ နောင်ချိုမြို့နယ်၊ ဘန်ကာချောင်းအနီး၌ သော်လည်းကောင်း ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ယနေ့အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ် နိုင်ရန်အတွက် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက် ရန်လိုအပ် ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media