NLD ပါတီအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းနေကြသည့် ပါတီအင် အား စုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် တစိုက်မတ် မတ်ပါဝင် နေကြသည့် အဖွဲ့များအား အသိအမှတ်ပြုခြင်းနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် အ ရေးကြီးကြောင်း တအာင်းပြည်ကောင်စီ ပြောဆို

NLD ပါတီအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းနေကြသည့် ပါတီအင် အား စုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် တစိုက်မတ် မတ်ပါဝင် နေကြသည့် အဖွဲ့များအား အသိအမှတ်ပြုခြင်းနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် အ ရေးကြီးကြောင်း တအာင်းပြည်ကောင်စီ ပြောဆို

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၈

NLD ပါတီအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းနေကြသည့် ပါတီအင် အား စုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် တစိုက်မတ် မတ်ပါဝင် နေကြသည့် အဖွဲ့များအား အသိအမှတ်ပြုခြင်းနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် အ ရေးကြီးကြောင်း တအာင်းပြည်ကောင်စီ – TLC က ပြောဆိုလိုက်သည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည် ထောင် ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

NLD အဖွဲ့ချုပ်အနေဖြင့် တော်လှန်ရေး အောင်မြင်ရေးကိုရှေးရှု၍ ဆက်လက်ပြီး ပြည်သူထူထု၏ ထောက်ခံမှုနှင့်အတူ ပြည်သူလူထု လိုလားသည့် ဗျူဟာအသစ်များ ပြင်ဆင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း အာဏာရှင် စနစ် အမြတ်ပြတ်ချေမှုန်းနေကြသည့် ပါတီအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း များနှင့် နွေဦးတော်လှန်ရေးတွင် တစိုက်မတ်မတ်ပါဝင် နေကြသည့် အဖွဲ့များအား အသိအမှတ်ပြု ခြင်းနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်းတအာင်းပြည်ကောင်စီ-TLC က ပြော ဆိုထားသည်။

ထို့အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ အဖွဲ့ချုပ်၏ဦးဆောင်မှု၊ စည်းလုံးမှု အင်အားဖြင့် အခက်အခဲအားလုံး ကျော်ဖြတ်ကာ ရှေ့ဆက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှစ၍ယနေ့ တိုင် ပြည်သူလူထုထောက်ခံမှု အပြည့် အဝရရှိထားသည့် ခိုင်မာသည့်အဖွဲ့ချုပ်ဖြစ်ပြီး အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ယနေ့တိုင် လူထုနှင့် အ တူရပ် တည်ကာ ကြံကြံခိုင်တော်လှန်တိုက်ပွဲဝင်နေခြင်း အပေါ် တအာင်းပြည်ကောင်စီ-TLC က အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်မိပါသည်ဟု ဆက်လက်ပြောကြားသည်။

ဖမ်းဆီးအကျဉ်းချထားခံရသည့် အဖွဲ့ချုပ်၏ ဥက္ကဌဒေါ်အောင်းဆန်းစုကြည်နှင့် ပါတီခေါင်းဆောင် များ၊ ပါတီဝင်များလည်း အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ဒီမိုကရေစီရေးနှင့် အာဏာရှင်စနစ် အ မြစ်ပြတ် ရေးအတွက်တော်လှန်နေကြပြီး အသက်ပေါင်းများစွာ စတေးခဲ့ကြသည့် ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကိုလည်း အောက်မေ့သတိရခြင်းများဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း သဝဏ် လွှာ‌တွင် ဖော်ပြထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃၀ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်များအားလုံးသည် အကြမ်းဖက် သမားများ ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်ဟုခေါ်သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက် အုပ်စု...