မိုင်းလုံမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု ပြည်သူအမျိုးသား ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနေအိမ်အလုံး ၂၀ ကျော်ထိခိုက်ပျက်စီး

မိုင်းလုံမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု ပြည်သူအမျိုးသား ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနေအိမ်အလုံး ၂၀ ကျော်ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်နှင့်ကျောက်မဲမြို့နယ်တို့တွင်အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် အလုံး ၂၀ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက် ညနေ ၄ နာရီ ၇ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ၊ မိုင်း လုံမြို့နယ်၊ ပန်သပြေကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်း ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်အလုံး ၂၀ ထိမှန်ပျက်စီး ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီ ၂၈ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက် မဲမြို့နယ်၊ ပါကုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကြဲချတိုက် ခိုက်ရာ အသက် ၆၁ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံးထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၂၄ ရက်နေ့က ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာတွင် စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ဆောင်နှင့် ဆွမ်းစားဆောင်တို ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယခုလအတွင်း ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြိုနယ်တွင် လေကြောင်း၊ လက် နက်ကြီးနှင့် အသေခံဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့်  အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး အမျိုး သား ၁ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် အလုံး ၂၀ ၊ စာသင် ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်နှင့် ကား ၁ စီး  ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...