သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် စရဖ တပ်ဖွဲ့အတွက် အလုပ်လုပ်ပေးနေသူ ၁၀ ဦးကျော်ကို ဖမ်း ဆီးရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
တအာင်းပြည်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် သတင်းရယူရန်အတွက် စစ်ကောင်စီ တပ်က စေလွှတ်ထားသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ အ တွက် အလုပ်လုပ်ပေးနေသူ ၁၀ ဦးကျော်တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကာ ရှောင်တခင်စစ်ဆေး၍ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လားရှိးမြို့အတွင်းရှိ စစ်ကောင်စီတပ်မှ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ် ချုပ်သော မြို့နယ်များအတွင်းရှိ TNLA ၏ ဂိတ်နေရာများ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင် အားများ ၊ ဌာနဆိုင်ရာ အင်အားများ၊ တပ်စခန်းနေရာများ၊ လူစုလူဝေးများသည့်နေရာများတွင် သ တင်း ရယူသည့်အပြင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ပြီးနောက် ထိရောက်မှုရှိ၊ မရှိကို ၎င်းတို့က စုံစမ်းထောက်လှမ်းရယူခဲ့ကြောင်း သိရသည်။
ထိုနောက် စစ်ကောင်စီတပ် လွယ်ကူစွာဝင်ရောက်နိုင်မည့် လမ်းနှင့် ထောက်ပို့လမ်းကြောင်း အခြေ အနေများကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပိုခဲ့ကြောင်း သိရသည်။
၎င်းတို့သည် မြို့အတွင်းသို့ လမ်းလျှောက်၍ သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ လိုင်းကားဖြင့် သော်လည်းကောင်း၊ အိမ်စီးကားဖြင့် သော်လည်းကောင်း၊ သူဌေးယောင်ဆောင်သော် လည်းကောင်း၊ သူတောင်းစားယောင်ဆောင်သော်လည်းကောင်း၊ ခရီးသွားယောင်ဆောင်သော်လည်း ကောင်း ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်ပြီး သတင်းများထောင်လှမ်းယူခဲ့ကြောင်း သိရသည်။
၎င်းတို့အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင်လည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်း ဘေးကွမ်းယာဆိုင်နှင့် လူရှင်းသည့်နေရာများတွင် လူချင်တွေ့ပြီး တစ်ဦးနှင့်တစ်ဦးသတင်းပေးပြီး စစ် ကောင်စီတပ်ထံ အွန်းလိုင်းပလက်ဖောင်းဖြစ်သည့် Viber/ Facebook/ Wechat/ Telegram များဖြင့် သတင်းပေးပိုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တအာင်းပြည်အတွင်းရှိ မြို့နယ်များတွင် စစ်ဘက်ရေးရာလုံခြုံရေးများစွာ စေလွှတ် ထားပြီး အဆိုပါဖမ်းဆီးရမိသူများကိုလည်း လုံခြုံစိတ်ချသည့်နေရာတွင် ကောင်းမွန်စွာ ထိန်းသိမ်း ထားပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါက တအာင်းပြည် ဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media