ကျောက်မဲမြို့နယ် ၊ နားခေါ်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၄ လုံး ပျက်စီး

ကျောက်မဲမြို့နယ် ၊ နားခေါ်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၄ လုံး ပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၃၀ ရက် ည ၉ နာရီ ၄၈ မိနစ်တွင် တစ်ကြိမ်၊ ၉ နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ ၊ ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာကို အကြမ်းဖက်စစ်ကောင် စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

ဩဂုတ်လ ၂၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြို့နယ်၊ ပန်းသပြေကျေးရွာအတွင်း သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးသီး’ ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သီလရှင် ဆရာ လေး ၁ ပါး၊ အမျိုး သမီး ၁ ဦးတို့ သေဆုံးခဲ့ ပြီး သံဃာတော် ၂ ပါး၊ သာမဏေ ၃ ပါးနှင့် အမျိုးသား ၁ ဦး တို့ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၄ လုံး ၊ ကျောင်းဆောင် ၅ ဆောင်နှင့် ဓမ္မာရုံ ၁ ရုံတို့ ထိခိုက် ပျက်စီး ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာ ကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...