TNLA News

TNLA News

မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် ၂စီးဖြင့် ဗုံးကြဲခဲ့ သဖြင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ် တစ်လုံး ထိခိုက်ပျက်စီး

 

D Day News

ဇွန်လ ၂၀

 

 

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း နှင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။

 

ယနေ့ ဇွန်လ ၂၀ ရက် ညနေ ၄ နာရီ ၅၅ မိနစ်အချိန်က မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဟိုဝိတ်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်အိမ် ထိခိုက်ပျက်ဆီးခဲ့ပြီး ဒေသနေ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ယနေ့ နံနက် ၈ နာရီခန့်က နောင်ချိုမြို့နယ်၊ အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်က ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ကလည်း မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာ တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ (45)mm လက်နက်ကြီး အမျိုးအစားဖြင့် ဆလောင်တောင် အနီးသို့ ၄ လုံးနှင့် ညနေ ၅ နာရီ ၈ မိနစ်အချိန်တွင် ညောင်ကုန်းရွာသို့ ၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

 

ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင် ၃ ဦးအသက်ပေးလှူခဲ့ရပြီး  ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဒေသနေပြည်သူ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ထိခိုက် ဒဏ် ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံးနှင့် ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...