TNLA News

TNLA News

နမ့်ခမ်းမြို့နယ်တွင် တအာင်းလူမျိုးများ တအာင်းစာပေ ရေးတတ်၊ ဖတ်တတ်၊ ပြောဆိုတတ်ရန် တအာင်းရုံးသုံးစာ သင်တန်းဖွင့်

 

D Day News

ဧပြီလ ၄

 

တအာင်းပြည်နယ်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ ဖဒဲန်အုပ်စု၊ ဖဒဲန်ကျေးရွာတွင် တအာင်း လူမျိုးများ တအာင်းစာပေ ရေးတတ်၊ ဖတ်တတ်၊ ပြောဆိုတတ်ရန် ရည်ရွယ်၍ တအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဧပြီလ ၁ ရက် နံနက် ၉ နာရီမှ ၁၂ နာရီခန့်အထိ နမ့်ခမ်းမြို့နယ်၊ ဖဒဲန်အုပ်စု၊ ဖဒဲန်ကျေးရွာတွင် တအာင်း စာပေသင်ကြားရေးအဖွဲ့-TLTA မှ ဦးဆောင်ကာ တအာင်းရုံးသုံးစာသင်တန်းကို ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်မှူးကြီး တားလော်ည်လာဝ်၊ တအာင်းအကယ်ဒမီကျောင်း တာဝန်ခံ(TAA) ဗိုလ်ကြီး အိုမ်ဆငါး၊ ဗိုလ်ဂါင်ဒိုင်း၊ စာပေယဥ်ကျေးမှုအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ၊ TLAT တာဝန်ခံနှင့် ဆရာမများ၊ ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်း (၁၂၆)ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။

 

တအာင်းလူမျိုးအားလုံး တအာင်းစာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးတက်လာစေရန် ၊ တအာင်းပြည် နယ်ရှိ တအာင်းလူမျိုးများ ရုံးသုံးစာတတ်မြောက်စေနိုင်ရန်၊ တအာင်းစာပေ များများထုတ်နိုင်ပြီး နောင်လာမည့် လူငယ်များအတွက် ဖတ်ရှုနိုင်ရန်၊ တအာင်းပြည်နယ်ရှိ ကျေးရွာအားလုံးကို သင်တန်း ပေး နိုင်ရန်နှင့် တအာင်းပြည်နယ်ရှိ တအာင်းလူမျိုးအားလုံး တအာင်းစာ ရေးတတ် ဖတ်တတ် ပြော တတ် ဆိုတတ်ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

ယင်းသင်တန်းတွင် တအာင်းရုံးသုံးစာ ခေါင်းစဉ် (၁၀) မျိုးဖြင့် တစ်ရက် ၆ နာရီသင်ကြားပေးသွား မည်ဖြစ်ပြီး သင်တန်းကာလ ၄၅ ရက် ကြာသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တအာင်းစာပေ သင်ကြားရေးအဖွဲ-TLTA သည် ၂၀၂၃ ခုနှစ်တွင် တအာင်းရုံးသုံးစာသင်တန်း ကို ၅ ကြိမ်နှင့် ၂၀၂၄ ခုနှစ်တွင် (၅) ကြိမ် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့...