နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သော် လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဟု ဝါဒဖြန့်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသည်။

ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုး ရထားလမ်းပိုင်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခဲ့ ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ဒရုန်းဗုံးသီးများသည် TNLA တပ် စခန်းကို ကျရောက်ပေါက်ကွဲခြင်းမရှိပဲ ကမ္ဘာပေါ်တွင်ထင်ရှားကျော်ကြားသော ဂုတ်ထိပ်တံတားကို ကျရောက် ပေါက်ကွဲကာ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တံတားပျက်စီးမှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် စစ်ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် လက်အောက်ခံ လော်ဘီအဖွဲ့က TNLA တပ်ဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့သို့ ဖျက်ဆီးမှုကြောင့် ကျောက်မဲမြို့နယ်ဘက်ခြမ်းတွင် အလျားပေ ၃၀ ကျော်ပျက်စီး ခဲ့ကြောင်း ဓာတ်ပုံများဖြင့် ဝါဒ ဖြန့်ချိခဲ့ကြောင်း သိရသည်။

“ဒါကတော့ စွပ်စွဲချက်ပဲဖြစ်ပါတယ်။ တကယ် ဒီဂုတ်ထိပ်တံတားကို ဖျက်ဆီးတာက စစ်ကောင်စီဖြစ် ပါတယ်။ စစ်ကောင်စီသည် ဒရုန်းကို အသုံးပြုပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပါတယ်။ ဒီမနက် ၉ နာရီဝန်းက ဒီစစ်ကောင်စီက ကျမတို့ TNLA တည်ရှိရာ တပ်စခန်းကို ဒရုန်းနဲ့လာရောက်ဗုံးကြဲ တိုက် ခိုက်တာ မျိုးတွေရှိပါတယ်။ အဲဒီကို ဒရုန်းနဲ့ လာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တဲ့အချိန်မှာ ဗုံးက ကျမတို့ TNLA တပ်စခန်းကို ကျရောက်ပေါက်ကွဲတာမျိုးမဖြစ်ပဲနဲ့ ဒီဂုတ်ထိပ်တံတားကို ကျ ရောက် ပေါက်ကွဲ တာဖြစ်ပါတယ်” ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က သံလွင်မြန်မာသတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဂုတ်ထိပ်တံတားသည် မန္တလေး – လားရှိုးလမ်း မီးရထားလမ်းပေါ်၊ နောင်ချိုဘူတာနှင့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ဘူတာကြား၌ တည်ရှိကြောင်း၊ ယင်းတံတားကို ၁၈၉၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း၊ ပေ ၂,၂၆၀ အရှည်ရှိပြီး သက်တမ်းအားဖြင့် ၁၂၅ နှစ်ရှိပြီဖြစ် ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်မဲမြို့ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေမှုကြောင့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော်များအပါအဝင် ပြည် သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ် ၂၃ ရက်...