မိုးကုတ်မြို့ရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၈ ဦးသေဆုံးပြီး နေအိမ် ၇ လုံးပျက်စီး

မိုးကုတ်မြို့ရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၈ ဦးသေဆုံးပြီး နေအိမ် ၇ လုံးပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင် စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာပြည်သူ ၈ ဦးသေဆုံးပြီး နေအိမ် ၇ လုံးပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက် ည ၈ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၄ နယ်မြေ၊ မိုးကုတ် မြို့ အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်းခြည်ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး တစ်လုံး ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦးသေဆုံးခဲ့ ပြီး ၇ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ သာမဏေတစ်ပါးနှင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုလအတွင်း အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ကို (၂) ကြိမ်၊ ကျောက်မဲမြို့နယ်တွင် (၁)ကြိမ်၊ သီပေါမြို့တွင် (၂)ကြိမ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၃)ဦး၊ သံဃာတော် (၂)ပါး၊ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁၁)ဦး သေးဆုံးခဲ့ရပြီး သံဃာတော် (၁) ပါး၊ အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၁၄) ဦး ထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၂၆)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ကား (၄)စီး၊ ဆိုင်ကယ် (၃) စီးတို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေး သတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖက်ဆစ် စစ်တပ်က သီတင်းကျွတ်လပြည့် နေ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက်...