ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၄၂ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ် မြေ၊ ကျောက်မဲမြို့နယ်၊ပင်ပေါကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက် တာဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ထိမှန်ပျက်စီး ခဲ့ကြောင်း သိရ သည်။

ထိုအပြင် သြဂုတ်လ ၁၂ ရက်နေ့လည်း နောင်ချိုမြို့နယ်၊ မြောက်ကုန်းစံ‌ကျေးရွာနှင့် ရှုခင်းသာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီးဖြင့် ၃၁ လုံးနှင့် ဒရုန်း ဖြင့် ဗုံးသီး ၂၁ လုံး ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့ကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က  ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး  ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ချောကိုယ်ပိုင် အထက်တန်းကျောင်း ၁ ကျောင်း ၊ ဆေးခန်း ၁ ခန်း၊ နေအိမ် ၃ အိမ်နှင့် ကား ၁ စီး တို့ ထိမှန် ပျက်စီး ခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၃၃ မိနစ်က...