သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၂
ကိုယ်ကျိုးစီးပွားကို ကြည့်သည့် တရုတ်ဩဇာလွှမ်းမိုးမှုကြောင့် နွေဦးတော်လှန်ရေးကြန့်ကြာနေရဟု TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် လူမှုကွန်မှတဆင့် ၎င်းက ပြောဆိုထားခြင်းဖြစ်သည်။
လက်ရှိတော်လှန်ရေး ရင်ဆိုင်နေရသည့် အကြီးမားဆုံးအခက်အခဲမှာ လူစိတ်မဲ့စွာ သတ်ဖြတ်၊ ရက် စက်ဝံ့သည့် မြန်မာစစ်အာဏာရှင် လုပ်ရပ်များ ၊ ကိုယ်ကျိုးစီးပွားတခုတည်းသာ ကြည့်သည့် တရုတ် ဩဇာလွှမ်းမိုးချုပ်ကိုင်မှု၊ အာဏာရှင်၏ ရှည်ကြာသော ဖိနှိပ်မှုအောက်တွင် နွမ်းလျပင်ပန်းနေကြသ သည့် ပြည်သူလူထုနှင့် တော်လှန်ရေးအတွက် ခိုင်မာအားကောင်းသည့် ဦးဆောင်မှု မတည်ဆောက် နိုင်သောကြောင့် ဖြစ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ထောက်ပြပြောဆိုထားသည်။
“လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်ခဲ၊ လူစိတ်မဲ့စွာ သတ်ဖြတ် ရက် စက် ဝံ့တဲ့ မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များ၊ ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်တဲ့ တရုတ်ဩဇာ လွှမ်းမိုး ချုပ်ကိုင်မှု ၊ အာဏာရှင်ရဲ့ ရှည်ကြာတဲ့ဖိနှိပ်မှုမှာ နွမ်းလျလက်ပမ်းကျနေတဲ့ပြည်သူလူထု၊ တော် လှန်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာ” ဟု ၎င်းက ပြော ဆိုထားသည်။
ထို့အပြင် အခြေားအကြောင်းအရာများလည်းရှိနိုင်သေးပြီး လဲကျလိုက်၊ ပြန်ထလိုက်ဖြင့် အခက်အခဲ များကို ကျော်လွှာကြားရမည်ဖြစ်ကြောင်း၊ အခက်အခဲအဆင့်ဆင့်ကို ဖြတ်ကျောက်ကာ ပန်းတိုင်ကို တက်လှမ်းရမည်ဖြစ်ကြောင်း ဆက်လက်၍ အသိပေးထားသည်။
အခြား အရာတွေလည်း ရှိနိုင်ပါသေးတယ်လေ ၊ ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့ ဒီအခက်အခဲ တွေ ကို ကျော်လွှားဖို့ အဆင့်ဆင့်ဖြတ်ကျော်ကြရမှာပါပဲ ရဲဘော်တို့” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က တိုက်တွန်းအားပေးထားခြင်းဖြစ်သည်။
TNLA အနေဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယခုဩဂုတ်လအတွင်း စစ်ကောင်စီနှင့်တွေ့ဆုံ ဆွေးနွေးရန် ရှိသော်လည်း လက်ရှိသိမ်းပိုက်ထားသော မြို့များကို စစ်ကောင်စီထံ ပြန်ပေးရန်မရှိ ကြောင်း နှင့် ခုခံကာကွယ်ရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း ဩဂုတ်လ ၅ ရက်နေ့က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောဆို ထားသည်။
Thanlwin Myanmar Media