သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၀
မန္တလေးတိုင်း၊ TNLA ထိန်းချုပ်ထားသော မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးနှင့် ပြည်သူ ၄ ဦး သေဆုံးပြီးခဲ့နေအိမ် ၅ လုံး ပျက်စီး ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ် ၉ ရက် ညနေ ၆ နာရီ ၅၁ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၄ နယ်မြေ၊ မိုးကုတ် မြို့ အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သာမဏေ တစ်ပါး၊ ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့်အမျိုး သား ၁ ဦးတို့ ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် သံဃာတော်တစ်ပါးနှင့် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံးလည်း ထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဩဂုတ်လ ၉ ရက် ညနေပိုင်းက စသီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်အတွင်း သို့ ပေါင် ၂၅၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လမှ ဩဂုတ်လ (၈)ရက်နေ့အထိ မိုးကုတ်မြို့တွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်က လေကြောင်းဖြင့် (၆)ကြိမ် ဗုံးများကြဲချတိုက်ခိုက်ခဲ့ရာ ကလေး (၃)ဦး၊ သံဃာတော် (၁)ပါး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၁၆)ဦး သေးဆုံးခဲ့ရပြီး ကလေး (၄)ဦး၊ အမျိုးသမီး (၁၄)ဦးနှင့် အမျိုးသား (၃၉)ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၄၈)အိမ်၊ ကား (၃)စီးနှင့် ဆိုင်ကယ် (၃)စီးတို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။
Thanlwin Myanmar Media