သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးပျက်စီး

သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ TNLA ထိန်းချုပ်နယ်မြေ၊ သီပေါမြို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၉ ရက် ညနေ ၄ နာရီ ၂၂ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မက လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိမှန် ပျက်စီး ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ သီပေါမြို့နယ်ကို အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် (၆)ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၈ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက အသိပေးထားသည်။

jThanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...