မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သံဃာ ၁ ပါး၊ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး‌ သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ၊ နေအိမ် ၁၀ လုံး၊ ကား ၃ စီးနှင့် ဆိုင် ကယ် ၃ စီး ပျက်စီး

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု သံဃာ ၁ ပါး၊ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၂ ဦး‌ သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ၊ နေအိမ် ၁၀ လုံး၊ ကား ၃ စီးနှင့် ဆိုင် ကယ် ၃ စီး ပျက်စီး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ ၁ ပါး၊ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး၊ ကား ၃ စီးနှင့် ဆိုင်ကယ် ၃ စီးပျက် စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်က တအာင်းပြည်၊တပ်မဟာ ၄ နယ်မြေ၊ မိုးကုတ်မြို့၊ အနောက်ပိုင်း၌ ပြည်သူလူထုအများ လမ်းသွား ၊လမ်းလာစည်ကားနေချိန် အကြမ်းဖက် စစ်ကောင်စီ တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါး၊ ကလေး ၁ ဦး၊ အမျိုးသား ၁၀ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ လုံး၊ ကား ၃ စီးနှင့် ဆိုင်ကယ် ၃ စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်တစ်လအတွင်း မိုးကုတ်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၂)ဦး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၆)ဦး သေးဆုံး ခဲ့ရပြီး ကလေး (၄)ဦး၊ အမျိုးသမီး (၁၂)ဦးနှင့် အမျိုးသား (၂၇)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၃၈) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မသန်းစွမ်းအမျိုးသမီး ၁ ဦးနှင့်ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF -Mindat...