ကျဆုံးလုနီးနီးဖြစ်နေသည့် စစ်ကောင်စီကို မဟာဗျူမြောက်တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းတိုက်ခိုက်ကြရန် PSLF/TNLA တိုက်တွန်း
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၃၀
ကျဆုံးလုနီးနီးဖြစ်နေသည့် စစ်ကောင်စီကို မဟာဗျူမြောက်တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းတိုက်ခိုက်ကြရန် PSLF/TNLA က ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန် မာ စစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ် တိုင်း ဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ၊ စစ်ပွဲတွင် ကျရှုံးပြီး အဖက်ဖက်မှ ယိုယွင်းပျက်စီးချိနဲ့နေ သည့် မြန်မာ့တပ်မတော် အဖြစ်ဆိုးသို့ ကျရောက် လျက်ရှိကြောင်း အသိပေးထားသည်။
ထိုကဲ့သို့ ကျဆုံးလုနီးပါးဖြစ်နေသည့် စစ်အာဏာရှင်၏ အခြေအနေကောင်းကို အသုံးချကာ ယခင် က ထက် မဟာဗျူဟာမြောက်သည့် တော်လှန်ရေးလုပ်ငန်းစီမံချက်များဖြင့် စုပေါင်းပြီး ဟန်ချက် ညီ ညီ ဝိုင်းဝန်း တော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲအစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစု များအား လေးနက်စွာ တိုက်တွန်းတောင်းဆိုပါကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြို့/ရွာဒေသအသီးသီးရှိ လူနေအိမ်၊ စာသင်ကျောင်း၊ ဈေး၊ ဘာသာရေးအ ဆောက် အအုံ၊ ဆေးရုံ၊ ဟိုတယ်/တည်းခိုခန်း၊ အလုပ်ရုံ စသည့် ပြည်သူလူထုများ နေထိုင်သွားလာ လှုပ်ရှားရာ နေရာများကို ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်သည့် မြန်မာစစ်ကောင်စီ၏ နိုင်ငံတ ကာစစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ကူညီ ဆောင် ရွက်ပေးကြပါရန် ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရ တို့အား မေတ္တာရပ်ခံ ပန်ကြားထားသည်။
ထို့အပြင် ပြည်သူလူထုအား ရန်သူသဖွယ် ရက်ရက်စက်စက် တိုက်ခိုက်ချေမှုန်းနေသည့် မြန်မာ စစ် ကောင်စီ၏ ဗုံးကြဲသည့် အန္တရာယ်များမှ လွတ်ကင်းနိုင်ရန်အတွက် တော်လှန်ရေးသတိဖြင့် လိုအပ် သည့် ဗုံးခို ကျင်းအစီအမံများ ပြုလုပ်ကာ နေထိုင်သွားလာကြပါရန် တအာင်းဒေသအပါအဝင် မြန်မာ နိုင်ငံအနှံ့ အပြားရှိ တော်လှန်ရေးဒေသ မြို့/ရွာများတွင် နေထိုင်ကြပါရန် PSLF/TNLA က တိုက်တွန်း ထားသည်။
၂၀၂၅ ခုနှစ် ဇွန်၊ ဇူလိုင်ကာလအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ် စသည့် တအာင်းဒေသ၏ မြို့များရှိ ပြည်သူလူထုနေအိမ်၊ ဈေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်း စသည့်ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာ နေရာများကို ဦးတည်ပြီး တိုက်လေ ယာဉ်များ၊ လက်နက်ကြီးများဖြင့် အင်အားပြင်းဗုံးများ နေ့စဉ်ရက်ဆက် ကြဲချလျက်ရှိကြောင်း၊ ထိုကဲ့ သို့ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည့် မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA မှ အပြင်း အထန် ကန့်ကွက် ရှုတ်ချပါကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media