TNLA News

TNLA News

TNLA ထိန်းချုပ်ထားရာ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြာင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည် သူ ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၉

 

မန္တလေးတိုင်း၊ TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု ၄ ဦးသေဆုံး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ မိုးကုတ်မြို အရှေ့ပိုင်း၊ မင်းတံ တားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီးတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက် တာဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး၊ ပေါင် ၂၅၀ ဗုံး ၂ လုံး စုစု‌ပေါင်း ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဇူလိုင် ၁၁ ရက်နေ့က တစ်ကြိမ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် တစ် ကြိမ် ၊ ဇူလိုင်လ ၈ ရက်နေ့တွင် တစ်ကြိုမ် အကြမ်းဖက်စစ်ကောင်စီတပ်က မိုးကုတ်မြို့နေပြည်သူ များကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်ငယ် ၂ ဦး၊ အမျိုးသား ၄ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့အပြင် နေအိမ် ၂၄ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ကလည်း တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက် မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်း ၃ စီးဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က မိဘပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေ ကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်း ရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
SAC News

SAC News

သေဒဏ်အထိချမှတ်နိုင်သော ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေကို စစ်ကောင်စီ ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းယူထားပြီး ပြည်သူများကို နေ့စဉ် သတ်ဖြတ် ပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဖြင့်များဖြင့် တိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ် ကောင်စီက သေဒဏ်အထိချမှတ်နိုင်သော ရွေးကောက်ပွဲကာကွယ်ရေး...