TNLA News

TNLA News

နောင်ချိုမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်သောကြောင့် ပြည်သူများ လုံခြုံရေး သတိထားပြီး သွားလာကြပါရန်နှင့် လေကြာင်းရန် ကာကွယ်ရေးလမ်းညွှန်ချက်များ တိုက်နာကြပါရန် TNLA သတိပေး

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်သော ကြောင့် ပြည်သူများ လုံခြုံရေး သတိထားပြီး သွားလာကြပါရန်နှင့် လေကြာင်းရန် ကာကွယ်ရေး လမ်းညွှန်ချက်များ တိုက်နာကြပါရန် TNLA က သတိပေးချက်ထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် နောင်ချိုမြို့ပေါ်ရှိ အရပ်ဖက် ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံး လုပ်ငန်း များကို အခြားလုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ကာ လူထုဝန်ဆောင်မှု လုပ်ငန်းများဆက်လက်ဆောင် ရွက်နိုင်ရန် ပြုလုပ်ထားကြောင်း၊ နောင်ချိုမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေမည်ဖြစ် သော ကြောင့် တိုက်ပွဲကြားတွင် မိဘပြည်သူထုလူများ ကြားညှပ်မပိတ်မိစေရန် လုံခြုံရေးသတိထားပြီး နေ ထိုင်သွားလာကြရန်နှင့်လေကြောင်းအန္တရာယ်ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာကြရန် လို အပ်ပါကြောင်း အသိပေးထားသည်။

ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော  ကျောက်မဲ၊သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တို့တွင် စစ်ကောင်စီ တပ်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသောကြောင့် မိဘပြည်သူလူထုများ အနေဖြင့် ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် သတိဝီရိယဖြင့် နေထိုင်သွားလာကြပါရန် ဆက်လက် အသိပေးထားသည်။

 

၂၀၂၅ ခုနှစ် မေလကတည်းက စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွါးနေသည့်နေရာနှင့် တိုက်ပွဲဖြစ်ပွါး ခြင်းမရှိသည့်နေရာများတွင် အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေ ကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများလူထုများသည် မြို့ဧရိယာတွင် နေထိုင်နိုင်ခြင်းမရှိတော့ဘဲဘေးကင်းရန်အတွက် မြို့ပြင်ပသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

 

ပြည်သူလူထုများမြိုပြင်ပသို ပြောင်းရွှေ့နေထိုင်သော်လည်း စစ်ကောင်စီတပ်မှ ထပ်မံပြီး ပြည်သူ လူထု နေထိုင်ရာသို့ ထပ်မံပြီး တိုက်ခိုက်လာသည့်အတွက် ပြည်သူလူထုများ နေစရာပျောက်ဆုံး သွားသည့် နီးစပ်ရာမြို့များသို့ ပြောင်းရွှေ့ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဒုက္ခသည် စခန်းသို့ စစ်ဘေးရှောင်နေခဲ့ကြရသည်ဟု ဆိုသည်။

 

၂၀၂၅ ခုနှစ် မေလမှ ဇူလိုင်လ ၁၅ ရက်အထိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုကို ရည်ရွယ် ချက်ရှိရှိ ဦးတည်ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြိုရှိ ပြည်သူ ၂၃ ဦး သေဆုံးခဲ့ရပြီး ၈၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၊ ဘာသာရေးအဆောက်အအုံ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၈ ကျောင်းနှင့် နေအိမ် ၂၂၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ် မေလမှ စတင်၍ ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်သည် နောင်ချိုမြို့တွင်းနှင့် နောင်ချိုမြို့အနီးရှိကျေးရွာများသို့ ဦးတည်ပြီး မြေပြင်တွင် အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုး စစ်ဆင်တိုက်ခိုက်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးများကျဲချ၍ တိုက်ခိုက်ခြင်းများကို နေ့စဉ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်နှင့်  တအာင်း တပ်မတော် TNLA အကြား ထိတွေ့တိုက်ပွဲ ၃၁၉ ကြိမ် အပြင်းအထန်ဖြစ်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀၆ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက် မှု ၁၆၂ ကြိမ် ၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၄၆၉၂ ကြိမ် နှင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု  ၁၈၆ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့နယ်တွင် ပျူအထိုင်စခန်းကို ဝင်ရောက်ခိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံးပြီးစစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၆   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ ပျူစောထီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူ စောထီး ၂ ဦးသေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း...