TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲဆက်ဖြစ်နေ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မ တော် – TNLA တို့ကြား တိုက်ပွဲ ဆက်ဖြစ်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။

 

ဇူလိုင်လ ၁၂ ရက်နေ့၌ နောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ် မတော် TNLA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း  စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀၅ လုံး နှင့် ဒရုန်းဖြင့်  ဗုံး အလုံး ၂၀ လုံးတို့ကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် နောင်ချိုမြိုန့ယ်၊ ပန်လန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ အကြား တိုက်ပွဲဖြစ်ခဲ့ပြီး ယင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ၇၂ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကို အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း၊ ကျောက်ကြမ်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်တောနှင့် နမ့်ဆောင်ဟူးကျေးရွာကြားတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၅ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့် ၊ ကျောက်ပြုတ်နှင့် ကုန်းစံ ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲ ဖြစ်ခဲ့ပြီး ယင်းတိုက် ပွဲ အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၆၉ လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၅၄ လုံးနှင့် လေကြောင်းဖြင့် ဗုံးသီး ၆ လုံးတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရန်ကုန်-မန္တလေးအမြန်လမ်းမ ပေါ်တွင် ကင်းပုန်းနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၄   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ တွင် ကင်းပုန်း ဝပ်နေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်...