TNLA News

TNLA News

မိုးမိတ်နှင့်နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းဖြင့် ​ဗုံးကြဲတိုက်ခိုက်

 

D Day News

ဇွန်လ ၁၇

 

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နှင့် မိုးမိတ်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ တွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က ဆမ္မဆယ်ရွာကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုနောက် ညနေ ၄ နာရီခန့်အချိန်တွင်လည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် အကြမ်း ဖက်စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာ (၈)ရပ်ကွက်အတွင်းသို့ လက်နက်ဖြင့် (၂)ကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုအပြင် ဇွန်လ ၁၅ ရက် ည ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီအထိ မိုးမိတ်​မြို့ရှိ  အကြမ်းဖက် စစ်ကောင် စီတပ်က  ဒိုပင်ကျေးရွာသို့ ဦးတည်ကာ လက်နက်ကြီး ၆ ကြိမ်၊ နောင်ချိုမြို့နယ် အုမ္မတီးနှင့် အုမ္မခါး လမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၈)လုံး ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့  ရည်ရွယ်ချက်ရှိရှိ ဒရုန်းနှင့်လက်နက် ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံအချို့ စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်​နေထိုင်​ခဲ့ကြ ရကြောင်း သိရသည်။

 

ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ မိုးမိတ်မြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံး ၄ လုံးနှင့် လက်နက်ကြီးဖြင့် ၄၂ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...