TNLA News

TNLA News

နောင်ချိုမြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်က စစ်မှုထမ်းစစ်သားများကို အသေခံဇွတ်တက်ခိုင်းနေမှု ကြောင့် နောင်ချိုမြို့အနီးရောက်ရှိလာ၊ ပုပ်ပွသေဆုံးအလောင်းများလည်း ပျံ့ကျဲနေ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်က စစ်မှုထမ်းတပ်သားသစ် များကို အသေခံဇွတ်တက်ခိုင်းနေသောကြောင့် နောင်ချိုမြို့အနီးရောက်ရှိလာခြင်းဖြစ်ပြီး စစ်ကြောင်း ထိုးရာလမ်းကြောင်းတလျှောက်၌လည်း ပုပ်ပွနံစော်နေသည့် စစ်သားအလောင်းများ ပျံ့ကျဲနေ ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ဌာနထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ကျောက် ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနှင့် ရေမောင်းတန်ကျေးရွာကြားတို့တွင် စစ်ကောင်စီ တပ်နှင့် တအာင်းတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွား ခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၃၂ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ တို့ကို ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နောင်ချိုမြို့နားအထိတော့ ကပ်နေပြီ၊ တိုက်ပွဲက ပတ်ပတ်လည်ဖြစ်နေတာ၊ အင်အားအတော် များများ ကို ဖြန့်ခွဲပြီးတက်နေတာ၊ လက်နက်ကြီးနဲ့ကလည်း တရစပ်ပစ်တယ်၊ အသေခံဇွတ်ထိုး ခိုင်းနေတာ၊ ပေါ်တာဆွဲ၊ မဖြစ်မနေစစ်မှုထမ်းစစ်သားတွေချည်းပဲ၊ သေဆုံး၊ထွက်ပြေး၊ အလင်းဝင် စာရင်းဆိုရင် ခန့်မှန်းလို့တောင်မရဘူး။ ရှေ့သေ၊ နောက်က ထပ်တက်နဲ့ ထပ်ဖြည့်ထိုးနေတာပါ၊ သေဆုံးစခအလောင်းတွေဆို ပျံ့ကျဲပုပ်ပွနံစော်နေတာ၊ မြင်လို့မကောင်းဘူး” ဟု ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး – DPLA တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ အသေခံတက်ခိုင်းနေမှုကြောင့် ထွက်ပြေးသူများ၊ အလင်းဝင်သူများ အများအပြားရှိနေသော် လည်း အင်အားထောင်ချီအသုံးပြုထားသည့်အတွက် ပြန်ဖမ်းမိသူများလည်းရှိကြောင်း၊ အချို့စစ်မှု ထမ်းစစ်သားများမှာ ပြေးချင်ရာလျှောက်ပြေးနေကြသူများလည်းရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူ များအနေဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါရန် ၎င်းက ဆက်လက် တိုက်တွန်း ပြောကြား သည်။

 

ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က နောင်ချိုမြို့နယ်၊ နောင်လင်၊ ကျောက်ကြမ်းနှင့် အုမ္မခါးကျေးရွာတို့ တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ် ကောင်စီတပ်မှ လက်နက်ကြီး ၇၅ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး အလုံး ၄၀ တို့ကို ပစ်ကူပေး တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ထိုအပြင် ကျောက်တော၊ နားမုံနှင့် ရေမောင်းတန်းကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်မှ  လက်နက်ကြီး ၁၀ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၁၀ လုံးတို့ကို ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သည်။

 

ထိုအပြင် ရေမောင်တန်းကျေးရွာဘက်လည်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၄၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်ကလည်း နောင်ချိုမြို့နယ်ရှိ  ရေမောင်းတန်း၊ နောင်လင်၊ အုမ္မခါး၊ ကျောက်ကြမ်း၊ ကျောက်တော၊ နားမုံနှင့် ကသဲမျှောင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက် နက်ကြီး ၁၈၉ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၄၈ လုံးတို့ကို ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက်နေ့က...