TNLA News

TNLA News

နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတို့ အလွန်အကျွံအသုံးပြုနေ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ အလွန်အကျွံအသုံးပြုနေ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ  မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနှင့် နားမိုင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၂၇ လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၄၂ လုံးတို့ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဇူလိုင် ၇ ရက်နေ့က နားမိုင်နှင့် ရေမောင်းတန်းကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားနေချိန် အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ၈၇ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးတို့ ပစ်ကူပေး တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အလားတူ ကျောက်ကြမ်းနှင့် ကျောက်တောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၂၄ လုံး၊ လက်နက်ကြီးဖြင့် ၂၁ လုံးတို့ကို ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုအပြင် နောင်လင်၊ နန်းကျီးကုန်းကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မ တော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီတပ်က  လက်နက်ကြီးဖြင့် ၁၉ လုံး၊ ဒရုန်း ဖြင့် ဗုံးသီး ၈ လုံးတို့ကို ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၆ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နှင့် မျက်ချီးနုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်TNLA တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၃၄ လုံး၊ လက်နက်ကြီးဖြင့် ၉၈ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၄၆ လုံးတို့ကို ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၆ ရက်နေ့က...