TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း ကျေးရွာ ၄ ခုတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံး သီး အလုံး ၁၀၀ ကျော်ဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို စစ်တပ် စစ်ကြောင်းထိုးဝင် ရောက်ပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့က တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ် နောင်လင် ကျေး ရွာ၊ နောင်အောကျေးရွာ၊ လုံစံကျေးရွာနှင့် နောင်ဖာကျေးရွာတို့ဘက်သို့ စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ပြီး စစ် ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၂၈ လုံးနှင့် လက်နက်ကြီး ၆၈ လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒရုန်း ဖြင့် ဗုံး ၁၄ လုံးနှင့် လက်နက်ကြီး ၅၄ လုံး၊ အလားတူ နောင်အောကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီ တပ်က ဒရုန်းဖြင့် ဗုံးသီး ၇ လုံးနှင့် လက်နက်ကြီးဖြင့် ၇ လုံး၊ လုံစံကျေးရွာတိုက်ပွဲတွင် ဒရုန်းဖြင့် ဗုံး ၄ လုံးနှင့် လက် နက်ကြီးဖြင့် ၇ လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိ သည့် အုမ္မခါးကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကြဲချခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၄ ရက်နေ့ကလည်း နောင်ချိုမြို့နယ် နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် -TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး ၁၃၀ လုံး၊ ဒရုန်းဖြင့် ဗုံး ၆၀ လုံးနှင့် လက်နက်ကြီး ၅၃ လုံးပစ်ကူပေးခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများ၌ ထိုးစစ်ဆင်များ ပြုလုပ်မည်မဟုတ်ဟု တစ်ဖက်သတ်အပစ်ရပ်ကာလ နောက်ထပ် ၁ လ သက်တမ်းထပ်တိုးထား သည်ကို စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း TNLA က ပြောဆိုထားသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့်ဗုံးကျဲတိုက် ခိုက်မှုများမှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေ ကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ အထိုင်ချထားသော စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ အထိုင်ချထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး...