TNLA News

TNLA News

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြည်သူ ၄ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးကြဲတိုက်ခိုက်မှုပြည်သူ ၄ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ ရှိပြီး နေအိမ် ၁၀ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဇွန်လ ၂၄ ရက် ညနေ ၄ နာရီ ၅၈ မိနစ်တွင် တစ်ကြိမ်၊ ၅ နာရီ ၃ မိနစ်တွင် တစ်ကြိမ် ကျောက် မဲမြို့၊ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၇ အတွင်းသို့ စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး သီး ၂ လုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် ပြည်သူ့လူနေအိမ် ၁၀ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲပြည်သူလူထုများကိုရည်ရွယ်ချက်ရှိရှိ ဦးတည်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထား သည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို စစ်ကောင်စီတပ်က ပြည်သူ လူထုများကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့်ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူလူထုများ၏ နေအိမ်တစ်ချို ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မသန်းစွမ်းအမျိုးသမီး ၁ ဦးနှင့်ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF -Mindat...