အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ
သံလွင်မြန်မာသတင်း
ဇွန်လ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီး၊ ရေ မောင်းတန်းနှင့် လက်ပန်ကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲထားမှု ကိုအခွင့် ကောင်းယူ၍ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဇွန်လ ၁၅ ရက်နံနက်ပိုင်းက နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ် ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်က လက်နက်ကြီး ၃ လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး ၃၇ လုံးနှင့် ဗုံး ၃၅ လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ ကြောင်း ၊ အလားတူ လက်ပန်ကုန်းကျေးရွာဘက်မှ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းလည်း စစ်ကောင်စီ တပ်က လက်နက်ကြီး ၆ လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေညောင်ပင်ကျေးရွာနေပြည်သူလူထုကိုလည်း ဦးတည် ပစ်မှတ်ထားကာ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့လည်း ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနှင့် လက်ပန်ကုန်းကျေးရွာ များတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး ၈၀ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၂၆ လုံးတိုကို ပစ်ကူခဲ့ကြောင်း သိရ သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်းထပ် တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNLA ကပြောဆိုသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media