TNLA News

TNLA News

နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူအမျိုးသား ၁ ဦး ဒဏ်ရာရ

 

ရန်ကုန်၊ ဇွန် ၁၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ အမျိုး သားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

 

ဇွန်လ ၁၀ ရက်ညနေ ၅ နာရီ ၃၀ မိနစ်က ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်ကောင်စီတပ်မှ ဟောင်ဝေဇာဖြင့် လက်နက်ကြီး ဖြင့် ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅၂ နှစ်အရွယ် ဦးကျော်မင်းဆိုသူကို လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တအာင်းတပ်မတော် TNLA မှ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

အလားတူ နောင်ချိုမြို့နယ် လုံစံကျေးရွာအတွင်းကိုလည်း စစ်ကောင်စီတပ်က လက်နက် ကြီး ၁ လုံး ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း နောင်ချိုမြို့၊ စျေးရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်မှ လက် နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးနှင့် ကမ္ဘောဇကျောင်း တိုက် ဘုန်းကြီးကျောင်း ၁ ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီး

KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီးခဲ့ ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂...