TNLA News

TNLA News

PSLF/TNLA ၊ တအာင်းအမျိုးသားပါတီနှင့် တအာင်းအရပ်ဖက်အဖွဲ့စည်းများ ပူးပေါင်း၍ တအာင်း ပြည်ကောင်စီ – TLC ဖွဲ့စည်းလိုက်ပြီး မြန် မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက် နိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်သွားမည်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၉

 

PSLF/TNLA ၊ တအာင်းအမျိုးသားပါတီ – TNP နှင့်တအာင်းအရပ်ဖက်အဖွဲ့စည်းများ တို့ပူးပေါင်း၍ တအာင်းပြည်ကောင်စီ – TLC ဖွဲ့စည်းလိုက် ပြီး မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက် နိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်သည်။

 

ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တအာင်းပြည်တစ်နေရာတွင် တအာင်းအမျိုးသားပါတီ -TNP ၊ ပ လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA နှင့် တအာင်းအရပ်ဖက်အစု အဖွဲ့များပါဝင် သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC ၏ နိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးကို အစု အဖွဲ့ ၃ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ စုစုပေါင်း ၈၃ ဦး တက် ရောက်ခဲ့ကာ အောင်မြင်စွာကျင်းပနိုင် ခဲ့ကြောင်း သိရသည်။

တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးတွင် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ရေးကော်မတီ-TSCDC ရေးဆွဲထားသည့် “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ” ကို လက်ခံအတည်ပြုကြပြီး၊ “တအာင်းပြည်ကောင်စီ” Ta’ang Land Council-TLC ကို တအာင်းပြည် ၏တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ထိုအစီအမံအရ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက် နေ့တွင် ဖွဲ့စည်းတာဝန်ယူခဲ့သည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC အား တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူ သော အဓိကမဏ္ဍိုင်ကြီး ၃ ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရန်အတွက် ပြောင်းလဲဖွဲ့စည်း လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

 

တအာင်းပြည်ကောင်စီ -TLC ကို  ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဌ ၊ လွေးမိုးခမ်း က ဒုက္ကဌ (၁) ၊ တားအေးမောင် က ဒုဥက္ကဌ (၂) ၊ လွေးပိုးကမေဲ့ခြိူးဝ်းက က အတွင်းရေးမှူး။ ဗိုလ်ကြီးလွေးယေက တွဲဖက်အတွင်းရေးမှူးအဖြစ်တာဝန်ယူကာ ဗိုလ်ချုပ်တားခူလန်း ၊ တားအောင်ပေ၊ တားကြာထွန်းနှင့် လွေးမိုးလှိုင်တို့က အဖွဲ့ဝင်များအဖြစ် တာဝန်ပေးလိုက်သည်ကို ထိပ်သီးအစည်းအဝေးကြီးတွင် အားလုံးသဘောတူညီစွာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

တအာင်းပြည်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကြီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော်နှင့်မဟာမိတ်များ ဦးဆောင်ပြီး ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီ(စကစ)အား ဖယ်ရှား ရှင်း လင်းနိုင်ခဲ့သည့် နယ်မြေများကိုအခြေခံ၍ တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရ တရပ် ကို အစုအဖွဲ့(၃)ဖွဲ့၏ ခေါင်းဆောင်ကိုယ်စားလှယ်များအပြင် သင့်လျော်သည့် ပြည်သူလူထု ကိုယ် စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ဖွဲ့စည်းနိုင်ရန်အတွက် အမြန်ဆုံးကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။

 

ထို့အပြင် တအာင်းပြည်ကောင်စီအနေဖြင့် မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက် ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

GZA ၊ ဗိုလ်နဂါးတပ်ဖွဲ့တို့အနေဖြင့် YDF တပ်တွင်းမပြေမှုများတွင် မဟာမိတ်ပုံစံမျိုးဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် YDF ခွဲထွက်အဖွဲ့မှ နိုင်ငံရေးမှူး ကိုငယ်တောင်းဆို   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၈   Generation Z Army တပ်ဖွဲ့နှင့် ဗိုလ်နဂါးဦးဆောင်သော BNRA တပ်ဖွဲ့အနေဖြင့်...