TNLA News

TNLA News

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း နောင်ချိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

 

ဇွန်လ ၄ ရက် နေ့က နောင်ချိုမြို့ ဈေးရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဗုံးစထိမှန် ဒဏ်ရာရရှိ ခဲ့သည့်အပြင် နေအိမ် ၂ လုံး ၊ ကမ္ဘောဇကျောင်းတိုက် ဘုန်းကြီးကျောင်း ၁ ကျောင်းတို့ ထိမှန် ပျက်စီး ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၃ ရက် နံနက် ၈ နာရီ ၅၄ မိနစ်တွင်လည်း နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာရှိ အ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဂန့်ဂေါကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၆ လုံး၊ ညနေ ၄ နာရီ တွင် ကန်ကြီးကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ၁ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်း ထပ် တိုးကြောင်း ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသော်လည်း စစ်ကောင်စီတပ်မှ နောင်ချို မြို့နယ်တွင် ဆက်လက်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ပြောဆိုသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများ လိုက်နား ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် ကြံဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုရဲကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရွာပြင်၌ အလာင်းစွန့်ပစ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၃   မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး...