တအာင်းပြည်တွင် အပစ်အခတ်ရပ်စဲထားသည့် မေလအတွင်း စစ်ကောင်စီတပ်က ဓာတုအဆိပ် ဗုံး ၁၄၄ လုံးအပါအဝင် ဗုံးသီး အလုံး ၁၂၀၀ ကျော်ဖြင့် တိုက်ခိုက်မှု ပြည်သူ ၈ ဦးသေဆုံးပြီး ပြည်သူ့ နေအိမ် အများအပြား ပျက်စီး
သံလွင်မြန်မာသတင်း
ဇွန်လ ၄
တအာင်းပြည်တွင် အပစ်အခတ်ရပ်စဲထားသည့် မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် က ဓာတုအဆိပ်ဗုံး ၁၄၄ လုံးအပါအဝင် ဗုံးသီးအလုံးရေ ၁၂၀၀ ကျော်ဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ရော အကြမ်းဖက်စစ် ကောင်စီတပ်ကပါ တဖက်သတ်အပစ်အရပ်စဲကြောင်း နှစ်ဖက်စလုံးက ကြေညာခဲ့ကြောင်း၊ သို့သော် လည်း အကြမ်းဖက်စစ်ကောင်စီသည် တအာင်းပြည်၊ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်း လုံနှင့် မန်တုံမြို့နယ်တို့တွင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးသီးအလုံးပေါင်း ၁၂၀၀ ကျော်အသုံးပြုတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၈ ဦးသေဆုံးကာ ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထိုသို့ တိုက်ခိုက်မှုများမှာ လေကြာင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၇၇၆ လုံး၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဗုံးသီး ၃၂၉ လုံးနှင့် အဆိပ်ငွေ့ဗုံး ၁၄၄ လုံးတို့ တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူထိခိုက်သေဆုံးမှုများအပြင် နေအိမ်အများအပြားလည်း ထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်ရှိ ကျေးရွာများနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ် မတော်-TNLA တည်ရှိရာနေရာများကို ဦးတည်ပြီး လေကြောင်းဖြင့် ၁၂ ကြိမ်၊ လက်နက်ကြီး ၇၇၆ လုံး၊ ဒရုန်းဖြင့် ဗုံး ၃၂၉ လုံးနှင့် အဆိပ်ငွေ့ဗုံး ၁၄၄ လုံးတို့ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ် ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦး သေ ဆုံးခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရရှိသည့်အပြင် နေအိမ် ၈ လုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။
ထိုအပြင် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည် သူလူထုနေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း၊ မိုးကုတ်မြို့ကိုလည်း လေကြောင်းဖြင့် ၆ ကြိမ် ဗုံး ကြဲချတိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ ကျေးရွာဘုန်းကြီး ကျောင်း အပါအဝင်နေအိမ် ၁၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မိုင်းငေါ့မြို့နယ်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၁ ကြိမ် ၊ မိုင်းလုံမြို့နယ် ကိုလည်း လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မန်တုံမြို့ကိုလည် စစ်ကောင်စီတပ်သည်လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် ၂၇ လုံ ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media