နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို ဂျက်ဖိုက်တာ၊ ဒရုန်းတို့ဖြင့် ဗုံးကြဲချတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
မေလ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၊ ဒရုန်းတို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ မေလ ၂၂ ရက် နံနက် ၁၁ ၅၀ မိနစ်တွင် နှစ်ကြိမ် ၊ နံနက် ၁၁ နာရီ ၅၃ မိနစ်တွင် နှစ်ကြိမ် PSLF/ TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ မေလ ၂၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို စစ်ကောင်စီ တပ်က ဒရုန်းဖြင့် လက်နက်ကြီးဗုံးသီး ၁၅ လုံးနှင့် အဆိပ်ငွေ့ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ PSLF/TNLA အုပ် ချုပ်သော နောင်ချိုမြိုနယ်၊ ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅ဝ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ သောကြောင့် ဒေသခံပြည်သူလူထု၏ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မေလ ၆ ရက်မှ ၃၁ ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထား သော် လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို မြေပြင် ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ် ခတ်တိုက် ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန အသိပေးထားသည်။
Thanlwin Myanmar Media