TNLA ထိန်းချုပ်ရာ မြို့နယ်များကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂ ရက် အတွင်း ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ နေအိမ် ၃၄ လုံးပျက်စီး
သံလွင်မြန်မာသတင်း
မေလ ၁၄
တအာင်းပြည်၊ TNLA ထိန်းချုပ်ရာ နောင်ချို၊ မိုးကုတ်၊ မန်တုံမြို့နှင့်မိုင်းငေါ့မြို့တို့ကို စစ်ကောင်စီတပ် က လေကြောင်းဖြင့် နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့ကို စစ်ကောင်စီတပ် က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ မေလ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့၊ နယ်မြေ ၁၀ ၊ ဈေးရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၁၃ ရက် ည ၁၁ နာရီ ၄၉ မိနစ်က မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ၊ ရွှေလိပ်ပြာအနီး တဝိုက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေလ ၁၂ ရက် ည ၁၀ နာရီ ၄၅ မိနစ်က TNLA ထိန်းချုပ်ထားသော မန်တုံမြို့၊ အောင်ချမ်းသာရပ် အတွင်းသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂၇ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုအပြင် မေလ ၁၂ ရက် ည ၇ နာရီ ၄၀ မိနစ်က မိုင်းငေါ့မြို့၊ တာလုံရပ်ကွက် စာသင်ကျောင်းအနီး ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးသီး ၄ လုံး လကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
အလားတူ မေလ ၁၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တအာင်း တပ်မတော် PSLF/TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်း ထပ်တိုးကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်ကလည်း မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးမြှင့် ပြီး တအာင်းပြည်အတွင်းသို့ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေ ကြောင်းဖြင့် နေ့စဉ် အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက် ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media