TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ လက် နက်ကြီးများဖြင့် နေ့စဉ်တိုက်ခိုက်နေသဖြင့် မိဘပြည်သူများ စစ်ရေးသတိအမြဲရှိနေကြရန် TNLA သတိပေး

 

သံလွင်မြန်မာသတင်း

မေလ ၁၁

 

အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ လက်နက် ကြီးများဖြင့် နေစဉ့်တိုက်ခိုက်နေသဖြင့် မိဘပြည်သူများ စစ်ရေးသတိအမြဲရှိနေကြရန် TNLA က ထုတ်ပြန် တိုက်တွန်းထားသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်း ထပ်တိုးကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အလားတူ စစ်ကောင်စီက လည်း မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ထပ်မံသက်တမ်းတိုးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးခဲ့သော်လည်း မိဘပြည်သူများကို ပစ်မှတ် ထားကာ လေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေပြင်မှ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် မိဘ ပြည်သူများ အနေဖြင့် စစ် ရေး သတိအမြဲရှိနေကြရန် လိုအပ်ကြောင်း တိုက်တွန်းထုတ်ပြန်ထား သည်။

 

မေလ ၁၀ ရက် နံနက် ၆ နာရီ ၅၀ မိနစ်က တအာင်းပြည်၊ နောင်ချိုမြို့နယ်၊ သရက်ချိုအနီးတဝိုက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အလားတူ မေလ ၁၀ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်တို့ကြား ယာပြင်ကျေးရွာအနီးတွင် တိုက် ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၁၀ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် နောင်ချိုမြို့၊ ဘူတာရပ်ကွက် ဆမ္မဆယ်ရွာနှင့် အုမ္မတီးကျေးရွာတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၇ လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေ အိမ် ၃ လုံးနှင့် ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၁၀ ရက် နံနက် ၉ နာရီ ၃၂ မိနစ်တွင် နောင်ချိုမြို့နယ်၊ တဲခေါ်ရွာသို့ ရောက်ရှိ နေသော စစ်ကောင်စီတပ်က အုမ္မတီးကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ၉ လုံး၊ အဆိပ်ငွေ့ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် PSLF/TNLA တပ်ဖွဲ့များတည်ရှိရာ နောင်ချိုမြို့နယ် ၇ မိုင်နှင့် မတ် မန်းတောကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး၊ လက်နက်ကြီးဖြင့် ၁၄ ကြိမ် ဗုံးကြဲပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

မေလ ၁၀ ရက် ညနေ ၃ နာရီ ၁၁ မိနစ်ကလည်း မိုးကုတ်မြို့နှင့် ဆက်စပ်သည့် သပိတ်ကျင်းမြို့နယ် ၇ မိုင်တွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ...