နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ဗုံးများကြဲချခြင်း၊ လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းလုပ်ဆောင်ကာ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲပြင်းထန်နေ
သံလွင်မြန်မာသတင်း
မေလ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ဗုံး များကြဲချခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်ကာ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ မေလ ၉ ရက် နံနက် ၆ နာရီ ၂၀ မိနစ်က နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာ အနီးတဝိုက် သို့ စစ်ကြောင်းဝင်ရောက်လာသဖြင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ အမတ ၉၀၂ တပ်မှ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၅ လုံး၊ လက်နက်ကြီးဖြင့် ၁၀ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မွန်းလွဲ ၃ နာရီ ၂၀ မိနတစ်တွင် နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာအနီးတဝိုက်တွင် စစ် ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲမဖြစ်ပွားမီ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၈ လုံး၊ လက်နက်ကြီးဖြင့် ၇ ကြိမ် နောင်လင်ကျေး ရွာ အနီးတဝိုက်ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မေလ ၉ ရက်နံနက် ၉ နာရီ ၂၀ မိနစ်ကလည်း နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာကို အကြမ်းဖက်စစ် ကောင်စီ၏ အမတ ၉၀၂ တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ အဆိပ်ငွေ့ ဗုံးဖြင့် ၁၁ ကြိမ် ကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ထိုပြင် မွန်းလွဲ ၁ နာရီ ၃ မိနစ်တွင် နောင်ချိုမြို့နယ်၊ တဲခေါ်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ် က ဒရုန်းဖြင့် ဗုံးသီး ၉ လုံး၊ အဆိပ်ငွေ့ဗုံး ၄ လုံးဖြင့် အုမ္မတီးကျေးရွာကိုလည်းကောင်း၊ တောင်လှ ကျေးရွာကိုလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် ၆ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်း ထပ်တိုးကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးစစ်ကောင်စီတပ်ကလည်း မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးမြှင့်ခဲ့သော်လည်း မြေပြင်ထိုး စစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်းများ နေ့လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ အပစ်ရပ်သက်တမ်း ၁ လတိုးထားမှုကို ယုံ ကြည်စိတ်ချခြင်းမပြုပဲ စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media