TNLA News

TNLA News

နောင်ချိုမြို့နယ်တွင် စစ်တပ်က မင်္ဂလာဆောင်ပွဲကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး၊ ဓာတုအဆိပ်ငွေ့များ ကြဲချကာ ထိုးစစ် ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေ

 

သံလွင်မြန်မာသတင်း

မေလ ၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မင်္ဂလာဆောင်ပွဲကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့ဗုံးများကြဲချကာ ထိုးစစ်ဆင်တိုက်ခိုက်နေ မှုကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်က နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာအနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲမဖြစ် ပွားမီ နံနက် ၉ နာရီ ၃၃ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၉၀၂ တပ်ရင်း ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ လက်နက်ကြီးဖြင့် ၁၆ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ညနေ ၃ နာရီတွင် နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာအနီးသို့ အကြမ်းဖက်စစ်ကောင်စီတပ် က ထိုးစစ်ဆင်လာခဲ့ရာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲမဖြစ်ပွားမီ မွန်းတည့် ၁၂ နာရီ ၄၈ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် ၉၀၂ အမြောက်တပ်မှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ လက်နက်ကြီး ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၈ ရက် ညနေ ၆ နာရီခန့်တွင် နောင်ချိုမြို့နယ် ၊ နောင်လင်ကျေးရွာအနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊  တိုက်ပွဲမဖြစ်ပွားမီ ညနေ ၄ နာရီ ၁၇ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ၊ အဆိပ်ငွေ့ဗုံး ၅ လုံး၊ လက်နက်ကြီးဖြင့် ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မေလ ၈ ရက် နံနက် ၁၁ နာရီ ၃၆ မိနစ်ကလည်း နောင်ချိုမြို့နယ်၊ တဲခေါ်ရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့က အုမ္မတီးကျေးရွာအတွင်းသို့ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး ၁ လုံး၊ တောင်လှကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် ၆ ကြိမ် ပစ်ခတ်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မေလ ၈ ရက်နေ့က နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်း ဖက်စစ်ကောင်စီ၏ အမတ ၉၀၂ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ် အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

ညီနောင်မဟာမိတ်ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်း များ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်း ထပ်တိုး ကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လျက်ရှိ ကြောင်း အသိပေးထားသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ...