နောင်ချိုမြို့နယ်တွင် လေကြောင်းဖြင့် တိုက်ခိုက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်နေ ဟု TNLA ထုတ်ပြန်
သံလွင်မြန်မာသတင်း
မေလ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ပြီး ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တရား ဝင် ထုတ်ပြန်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်းထပ် တိုးကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီကလည်း ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင့် ကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်က တအာင်းပြည်နယ်အတွင်း ထိုးစစ် ဆင်ခြင်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်နေခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း၊ အပစ်ရပ် ကြေညာခဲ့ပြီးနောက်တနေ့ မေလ ၇ ရက် နံနက် ၈ နာရီ ၅၅ မိနစ်တွင် တအာင်းတပ်မတော် PSLF/ TNLA ရှိရာ တောင်လှကျေးရွာအနီးတဝိုက်သို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။
အလားတူ မေလ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော်ရှိရာသို့ စစ်ကောင်စီ တပ်က ထိုးစစ်ဆင်လာသဖြင့် ယာပြင်ကျေးရွာအနီးတွင် တအာင်းတပ်မတော် PSLF/TNLA တပ်က တိုက်ခိုက်ခဲ့ရာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
သပိတ်ကျင်းမြိုနယ် ဖော့တော့ကျေးရွာအနီးရှိ ဂိတ်တွင်လည်း မေလ ၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ် က စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် စစ် ကောင်စီ၏ အမှတ် ၁၃ တပ်စခန်းကိုလည်း Y-8 လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ၈၅ ထုတ် ပစ်ချ ကာ ရိက္ခာ၊ ခဲယမ်းများဖြည့်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နှင့် ၆ ရက်နေ့တွင်လည်း တအာင်းတပ်မတော် TNLA တပ်စခန်းကို စစ် ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာတွင် နှစ်ဖက်အပြန် လှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Medai