TNLA News

TNLA News

နောင်ချိုမြို့နယ်နှင့်မိုးကုတ်မြို့နယ်တို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေနောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ်တို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က နောင်ချိုမြို့နယ်၊ လုံခံကျေးရွာကို စစ်ကောင်စီ တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူနောင်ချိုမြို့နယ်တောင်ခန်း ကျေးရွာရှိ ခလရ ၃၅၄ တပ်ရင်းစခန်းမှ တအာင်းအမျိုးသားလွတ်မြောက်တပ်မ တော်-TNLA တည် ရှိရာ နေရာများကို ဒရုန်းများဖြင့် ဗုံးကြဲချခြင်း၊ ဟောင်ဝေဇာဖြင့်လက်နက်ကြီးများ ပစ်ခတ် တိုက် ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၃၀ ရက် ည ၈ နာရီ ၃၀ မိနစ်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက် ပုတ်ကျေးရွာကြားကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီး ၂၆ လုံး၊ အဆိပ် ငွေ့ ဗုံး ၃၇ လုံးနှင့် လေကြောင်းဖြင့် ဗုံးသီး ၃၂ လုံးတို့ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့ နယ်များကို စစ်အင် အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာ များကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများ သည် အပြစ်မဲ့ မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ...