TNLA News

TNLA News

စစ်ပွဲရပ်စဲသည်ဟု ကြေညာထားသော စစ်တပ်က နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးကို ဓာတုအဆိပ်ဗုံး ၁၁ လုံးအပါအဝင် ဗုံးသီး ၃၇ ဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

စစ်ပွဲရပ်စဲထားသည် ဟု ကြေညာထားသော စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို မြို့နယ်၊ တောင်ခမ်းကျေးရွာအနီးကို ဓာတုအဆိပ်ဗုံး ၁၁ လုံးအပါအဝင် ဗုံးသီး ၃၇ လုံးဖြင့် တိုက် ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်အထိ နောင်ချိုမြို့နယ်၊ တောင် ခမ်းကျေးရွာရှိ အမှတ် ၉၀၂ စစ်ကောင်စီ တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံး ၁၁ လုံးကြဲချခြင်း၊ အမှတ် ၉၀၂ နှင့် ၄၃၅ တပ်စခန်းတို့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၂၆ လုံးပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အပစ်ရပ်စဲရေးကာလကို ဧပြီလကုန်အထိ ထပ်မံတိုးသော်လည်း ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြိုနယ်များကို စစ်အင်အားများ ဖြည့် တင်းခြင်း၊ ထိုးစစ်ဆင်များ ပြုလုပ်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် ညနေ ၆ နာရီ ၂၄ မိနစ်မှ ၆ နာရီ ၅၀ မိနစ်အချိန်အထိ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ Y -12 လေယာဉ်ဖြင့် ဗုံးသီး ၂၇ လုံး၊ ည ၇ နာရီ ၂၉ မိနစ်တွင် အုမ္မတီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေစဉ် ဂျက်ဖိုက်တာဖြင့် ဓာတုအဆိပ်ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၂၁ ရက်ကလည်း တောင်ခမ်းကျေးရွာရှိ အမှဝ် ၉ဝ၂ တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ် နေစဉ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် အဆိပ်ငွေ့ဗုံး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေး ကောက်ခံပြီး တပ်သားသစ်စုဆောင်းနေသည့် သိုက်ဝါး ချောင်းအုပ်စုမှ စစ်ကောင်စီခန့် ရာအိမ်မှူး အုန်းသန်း ပစ်ခတ်ခံရပြီး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးချောင်းအုပ်စုတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံ ပြီး တပ်သားသစ်စုဆောင်းနေသည့် ရာအိမ်မှူး...