TNLA News

TNLA News

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်မှု ကြောင့် နောင်ချိုတွင် တိုက်ပွဲဖြစ်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၄

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများကို စာနာကူညီထောက်ပံ့ပေးနိုင်ရန်အတွက် တဖက်သတ်အပစ်အခတ်ရပ်စဲခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုကြောင့် နောင်ချိုမြို့ နယ်တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၃ ရက် မွန်းတည့် ၁၂ နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်မှ စစ်ယာဉ်တန်း ၇ စီး လူ အင်အားဖြည့်တင်းကာ အင်တောမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ ၉၀၂ သို့ စစ်ကူအင်အားဖြည့် တင်းခဲ့ကြောင်း၊ ထို့နောက် ယနေ့ ဧပြီလ ၄ ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ထိုးစစ်ဆင်လာသော သဖြင့် အမတ ၉၀၂ အနီးတွင် တအာင်းတပ်မတော် PSLF/TNLA က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

ထိုပြင် သပိတ်ကျင်းမြို့နယ် ၇ မိုင်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူထု၏ အခက်အခဲများကို စားနာ ထောက်ထားသောအားဖြင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည် မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။

 

အလားတူ စစ်ကောင်စီတပ်ကလည်း ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ အပစ်ရပ်သည်ဟု ကြေညာခဲ့ သည့် အပြင် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ သို့သော်လည်း ထိုးစစ်ဆင်ခြင်းနှင့် လေကြောင်းဖြင့် နေ့စဉ် အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုထားသည်။

 

ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် ဖျက်အားပြင်းလှုပ်ခတ်သွားခဲ့သော ငလျင်ဒဏ်ကြောင့် ယမန်နေ့ ဧပြီလ ၃ ရက်အထိ မြန်မာနိုင်ငံတဝန်းတွင် သေဆုံးသူ ၃၀၈၅ ဦး၊ ဒဏ်ရာရသူ ၄၇၁၅ ဦးနှင့် ပျောက် ဆုံးနေသူ (၃၄၁)ဦးအထိ ရှိခဲ့ကြောင်း ကနဦးထုတ်ပြန်ချက်များအရ သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်မှု စစ်သား နှင့် ရဲ ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။...