TNLA News

TNLA News

TNLA ထိန်းချုပ်နယ်မြေအတွင်းရှိ မြန်မာအစိုးရအဆက်ဆက်လက်ထက်က ထုတ်ပေးသည့် မြေရှား သတ္တုထုပ်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်း များအား လုံးရပ်ဆိုင်း

 

D Day News

ဇွန်လ ၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေတွင် ယခင်မြန်မာအစိုးရ အဆက်ဆက်လက်ထက် က ထုတ်ပေးခဲ့သည့် မြေရှားသတ္တုလုပ်ခြင်းအပါအဝင် လုပ်ငန်းများအားလုံး ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ မေလ ၃၁ ရက်နေ့တွင် TNLA က ထုတ်ပြန်သည်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF မှ တအာင်းပြည်ရှိ မိဘပြည်သူများ၏ ရေရှည် အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင် မြန်မာအစိုးရ အဆက် ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုမိန့်/ လိုင်စင်/ အမိန့်စာ ရယူပြီး လည်ပတ် လျက်ရှိသည့် တအာင်းပြည်တွင်းရှိ သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများအားလုံး ယာယီ ရပ် ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

မြန်မာအစိုးရ အဆက်ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့်/ လိုင်စင်/ အမိန့်စာများကို အသိအမှတ် မပြုကြောင်း၊ ထိုလုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားရ မည်ဖြစ်ပြီး၊ သက်ဆိုင်ရာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လိုပါက သတ်မှတ်ထားသည့်အတိုင်း ခွင့်ပြုချက်များကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက် မတိုင်မီ နောက်ဆုံးထား ရယူလျှောက်ထား ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

သတ်မှတ်ထားသည့် ကာလအတွင်း ခွင့်ပြုချက်ရယူခြင်းမပြုပါက ထိုလုပ်ငန်းများ၊ လုပ်ငန်းနှင့် ဆက် စပ်သည့် အဆောက်အုံ၊ ပစ္စည်း အစရှိသည့်များကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းယူမည် ဖြစ်သည့် အပြင် ထိုလုပ်ငန်းလည်ပတ်ရန် ဆက်လက်ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် တအာင်းပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံ ချက်လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေဆဲကာလ ဖြစ်နေပါသဖြင့် မြေရှားသတ္တုလုပ်ငန်းကို စမ်း သပ်ရှာဖွေတိုင်းတာခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ် ခြင်းများအား မည်သည့်လုပ်ငန်းရှင် တစ်ဦးတစ်ယောက်မှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

 

အဆိုပါ ညွှန်းကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက PSLF/TNLA ၏ တည်ဆဲဥပဒေ အရ အရေးယူသွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...