TNLA News

TNLA News

ကူမင်းမြို့၌ အရပ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ရောက်ရှိနေချိန် TNLA ထိန်ချုပ်ထားသည့် နောင်ချို မြို့နယ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၁၇၅ လုံးကြဲချတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၆

 

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် ရောက်ရှိနေချိန် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး ၁၇၅ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ပလောင်ပြည် နယ် လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA မှ ဒုဗိုလ်ချုပ်ကြီး တာားဂျုတ်ဂျား ဦးဆောင်ပြီး မဟာ မိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်-ဗှူး-ကြီး တာမိုး ဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးသည် တရုတ် နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် အရပ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် ရောက် ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် ရောက်ရှိနေချိန် ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် နာဆွေကျေးရွာ၊ အုမ္မ တီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တောင်ခမ်းမှ လက်နက်ကြီးဖြင့်လည်းကောင်း ၊ လေကြောင်းဖြင့် Y-12 လေယာဥ်ကို အသုံးပြု ၍ လည်းကောင်း ဗုံးသီး ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ခိုက်မှုများမှာ တောင်ခမ်းစခန်းမှ ခမရ ၄၀၆ ၊ တပ်ရင်း ၃၅၄ နှင့် တပ်ရင်း ၉၀၂ တို့မှ လက်နက် ကြီး အလုံးရေ ၁၃၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၂ နာရီ ၃ မိနစ်တွင် Y-12 လေယာဥ် ဖြင့် နာဆွေကျေးရွာအတွင်း ဗုံးသီး ၃၈ လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တွေ့ဆုံမှုများစတင်မည်ဖြစ်ပြီး စစ်ကောင်စီဘက်မှ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ ဆုံ ဆွေးနွေးခဲ့သူ ကစထ (၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ဆောမြို့တွင်းတနေရာကို စစ်တပ်ကလေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု လူနေတဲတစ်လုံးနှင့် ဆီပေပါ အလုံး ၈၀ ခန့် မီးလောင်ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   မကွေးတိုင်း၊ ဆောမြို့တွင်း၊ ပြင်ချောက်နားနေရာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ လူနေတဲတစ်လုံးနှင့် ဆီပေပါအလုံး ၈၀ ခန့်...