TNLA News

TNLA News

TNLA တပ်မတော်တွင် အပတ်စဥ် ၃ ဗိုလ်သင်တန်းကျောင်းသားများအား Senior Cadet ဒေါက် တင်ပွဲ အခမ်းအနား ကျင်းပ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

တအာင်းပြည်၊ လွတ်မြောက်တနေရာ၌ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တွင် ဖွင့် လှစ်ခဲ့သည့် အပတ်စဉ် ၃ ဗိုလ်သင်တန်းကျောင်းသားများအား Senior Cadet ဒေါက်တင်ပွဲ အခမ်း အနား ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၉ ရက်နေ့က တအာင်းပြည်၊ လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပသည့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အပတ်စဥ် ၃ ATA ဗိုလ်သင်တန်းကျောင်းသားများ အား Senior Cadet ဒေါက် တင်ပွဲ အခမ်းအနား ကျင်းပခဲ့ရာTNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တား ဟိုပလန် နှင့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဂေါင်ဆဲင်တို့မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

“တ အာင်းပြည်တွင်းရှိ မိဘပြည်သူများ၏ ဘေးကင်းလုံ ခြုံရေး၊ တအာင်းဒေသကာကွယ်နိုင်ရေးနှင့် အဖိ နှိပ် ခံဘဝမှ လွတ်မြောက်ရေး ရရှိအောင် ကြိုးပမ်းရမည်” ဖြစ်သည်ဟု TNLA စစ်ဦးစီးချုပ် ဗိုလ် ချုပ် တားဟိုပလန်မှ  ပြောကြားခဲ့ကြောင်း သိရသည်။

 

အပတ်စဉ် ၃ ဗိုလ်သင်တန်းကျောင်းသည် ၅ နှစ်ကျော် သင်တန်းဖြစ်ပြီး  ၃ နှစ်ကျော် သင်တန်းကာလ ပြီးသွားသည့် ဗိုလ်လောင်းများအား ယခုကဲ့သို့ Senior Cadet ဒေါက် တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

အခမ်းအနားသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဂေါင် ဆဲင်၊ ဗိုလ်သင်တန်းကျောင်းအုပ် ဗိုလ်မှူးတားအောင်မြတ်၊ သင်တန်းလေ့ကျင့်ရေးအရာရှိများ၊ ATA ဗိုလ်သင်တန်းသားများ နှင့် မိဘပြည်သူများ စုစုပေါင်း ၂၅၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

MNDAA နှင့် SSPP/SSA တို့ကြားဖြစ်ပွားခဲ့သည့် ပြသနာများကို တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNTJP/MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် (SSPP/SSA) ဖြစ်ပွားခဲ့သည့်...