TNLA News

TNLA News

ကျောက်မဲမြို့ ညဈေးတန်းနှင့် ခရိုင်ရုံးပေါ်ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေ ဆုံးပြီး နေအိမ် ၅ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၁၈ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့၊ ညဈေးတန်းနှင့် ခရိုင်ရုံးပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး ထက်မနည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်ကလည်း ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ CDM ဆရာမ ၂ ဦး၊ လူနာ ၁ ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDM ဝန်ထမ်းများ နှင့် လူနာအရပ်သားပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲ တိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှား နိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...