TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့မှု နေအိမ် အလုံး ၂၀ ပြာကျ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင် ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၂၀ ပြာကျခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်၊ ဇန်နဝါရီလ ၁၉ ရက်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက် နေ့တို့တွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဝင်ရောက်မီးရှို့ ဖျက် ဆီးခဲ့ရာ ပြည်သူ့နေအိမ်အလုံး ၂၀ ခန့် ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် အရပ်သား ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်ကလည်း နောင်ချိုမြို့ ရဲစခန်းနှင့် ပါရမီလက်ဖက်ရည် ဆိုင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသနေ ပြည်သူ ၈ ဦး သေဆုံးပြီး ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...