TNLA News

TNLA News

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ၆ ကြိမ်ထက်မနည်း ပစ်ခတ်မှု ကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

 

D Day News

မေလ ၁၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။

 

မေလ ၁၅ ရက် ည ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအုပ်စု၊ သုံးဆယ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ သုံးဆယ်ကျေး ရွာနေပြည်သူ ၇ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ၃ ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် ပြင်ဦးလွင်ဆေးရုံသို့ လည်းကောင်း၊ ၄ ဦးမှာ မိုင်းလုံပြည်သူ့ဆေးရုံသို့ လည်းကောင်း ပို့ဆောင်ကုသထားကြောင်း သိရ သည်။

ထို့အပြင် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တအာင်းပြည် အ တွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူလူထုများရှိရာအရပ်သို့ လက်နက်ကြီးဖြင့် ပစ် ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း အသိပေးထားသည်။

 

ထိုသို့ ပစ်ခတ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွှေညောင်ပင်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အထိုင်ချတပ်စွဲထားသည့် စစ်သားများဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက် နှင့် မေလ ၁၀ ရက်တို့တွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...