TNLA News

TNLA News

မိုးကုတ်မြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲသူ ၃၀၀ ဦးကို TNLA က ဖမ်းဆီးအရေးယူ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၀

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲသူ ၃၀၀ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင် ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

 

ဇူလိုင်မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ တအာင်းပြည် တပ်မဟာ ၂ နယ်မြေ၊ မိုးကုတ်မြို့နယ်တွင် PSLF/TNLA မိုးကုတ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ် ဆောင်ခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူ ၃၀၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးထိန်းသိမ်းထားသူများထဲတွင် ယခင် စစ်ကောင်စီထိန်းချုပ်စဥ်ကာလက ညီနောင် မဟာမိတ်များ၏ သတင်းအချက်အလက်များရယူပေးပို့ရန် မူးယစ်ဆေးဝါးများပေး၍ ရောင်းဝယ် သုံးစွဲခွင့်ပြုထားသူ အများအပြားပါဝင်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများအား အကျင့်စာရိတ္တပြုပြင်ရေး ကျောင်းသို့ပို့ ဆောင်ကာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများ ကိုလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဆင်နွှဲကာ မိုးကုတ်မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက် ပြီးနောက် မိုးကုတ်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာ ရေး၊  တရားဥပဒေ စိုးမိုး‌ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေးဟူသည့် လုပ်ငန်းစဥ် ၅ ရပ်ဖြင့် ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မ နည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ငွေဖြင့် ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းက နောင်ချိုမြို့နယ်၊...