TNLA News

TNLA News

တအာင်းပြည်နယ်တွင် နိုဝင်ဘာလ အတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၈ ဦးသေဆုံးပြီး ၇၀ ဦး ဒဏ်ရာရရှိကာ နေအိမ် အလုံး ၁၃၀ ကျော် ပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂

 

ရှမ်းပြည်နယ်၊ တအာင်းပြည်တွင် နိုဝင်ဘာလ ၁ လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှ တစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၃၈) ဦးသေဆုံးခဲ့ပြီး (၇၀) ဦး ဒဏ်ရာရရှိကာ နေအိမ် (၁၃၀) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ (၁၆) ဦးသေဆုံးပြီး ဦးဇင်း (၂) ပါး အပါအဝင် (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၅၇)လုံးနှင့် ကား(၈)စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် ပြည်သူ (၉)ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် (၁၃) ဦး ထိခိုက်ဒဏ်ရာ ရရှိ ကာ နေအိမ် (၁၀) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ မိုင်းငေါ့မြို မန်လုံရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်မှ ပေါင် (၃၀၀) ဗုံး လာရောက်ကြဲ ချမှု ကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

 

ထိုအပြင် ကွတ်ခိုင်မြို့ရပ်ကွက်(၄)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၇)ဦးထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ် (၁၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုအတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်က ကျောက်မဲမြို့ အင်ကြင်းတောင် ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည် သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံးကျော် ပျက်စီးခဲ့ကြောင်း သိရ သည်။

 

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက် ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်ကား၊ နေအိမ်နှင့် စျေးဆိုင်ခန်းအများ အပြားလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...