Thabeikkyin News

Thabeikkyin News

ပျူမလုပ်လျှင် ထောင်ချမည်ဟု အုပ်ကြီးများက ခြိမ်းခြောက်ခဲ့ဟု ဖမ်းဆီးခံ ပျူများထွက်ဆို (ရုပ်သံ)

 

D Day News

မေလ ၂၀

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများက ပျူမလုပ်လျှင် ထောင်ချ ပစ် မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်သည့် ရုပ်ဖိုင်တွင် ပျူများက ပြောဆို ထားသည်။

 

မေလ ၁၇ ရက်နေ့က သပိတ်ကျင်းမြို့နယ်တိုက်နယ်ပကဖ – ဗိုလ်လင်းယုန်တပ်ဖွဲ့က ၎င်းတို့ တပ် အတွင်းဖမ်းဆီးရရှိသော ပျူစောထီးများနှင့် တွေ့ဆုံပြီး Video ကလစ်ဖြင့် ရိုက်ကူးတင်ဆက်ထား သည့် ရုပ်သံဖိုင်တွင် ပျူစောထီးများက ပြောဆိုထားခြင်းဖြစ်သည်။

https://youtu.be/gjQ7BPngVaA

“ကျနော်တို့ကို ရပ်ရွာ ကာကွယ်ရေးလည်းရတယ်။ မင်းတို့ကို ထောက်ပံ့ငွေလည်းပေးမှာ။ မင်းတို့ မလိုက်ဘူးဆိုရင်လည်း ထောင်ချမယ်လို့ ပြောတယ်။ ထောင်ချမယ်လို့ပြောတဲ့သူတွေက ဥက္ကဌတွေ က အများဆုံးပြောတာ။ စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် ဓားစာခံသက်သက်ထားပါ တယ်။ မည်သည့်ကိစ္စ အကြောင်းနဲ့ပဲဖြစ်ဖြစ် ပျူသင်တန်းဆင်းညီအစ်ကိုများ တော်လှန်ရေး ညီအစ် ကိုများ ဘက်ကို ယုံကြည် မှုရှိရှိနဲ့ လက်နက်ချအလင်းဝင်ဖို့တိုက်တွန်းချင်ပါတယ်။” ဟု ပျူစောထီး များက တိုက်တွန်းထားခြင်းဖြစ်သည်။

 

ပျူစောထီးအဖြစ် စုဆောင်းခံရသူများမှာ သပိတ်ကျင်းမြို့နယ်၊ ပေသောင်ရွာမှ သိန်းလွင်၊ ကျောက် ဖြူရွာမှ မင်းအောင်၊ လိပ်ကျကျေးရွာမှ ရဲလင်း၊ ၄ မိုင်ကျေးရွာမှ ဘုန်းလှိုင်တို့အပါအဝင် ၇ ဦးဖြစ်ပြီး ပျူစောထီး သင်တန်းအဖြစ် ၇ နှင့် ၂ ပတ်တက်ရောက်ခဲ့ရကာ ပျူစောထီးဖြစ်လာသဖြစ်ကြောင်း သိ ရသည်။

 

သပိတ်ကျင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အုပ်ကြီးများ၏ ဝါဒမှိုင်းသွင်း၊ ခြိမ်းခြောက်မှုကြောင့် ပျူစောထီးသင်တန်းတက်ရောက်ခဲ့သည့် ရွာ၊ အင်အား အသေးစိပ်အချက် အလက်တို့ ရရှိထားပြီး အကြမ်းဖက်စစ်ကောင်စီထောက်တိုင်ဝန်ထမ်းများအပါအဝင် ပျူစောထီးများ အနေဖြင့် အချိန်မနှောင်းခင် အလင်းဝင်ရောက်ကြရန် ဗိုလ်လင်းယုန်တပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...