Thabaik Kyin News

Thabaik Kyin News

သပိတ်ကျင်းမြို့နယ်၊ လေးမိုင်တာဝါတိုင်ကုန်းရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက် ပျူ ၂ ဦး အရှင်ဖမ်းမိ (ရုပ်သံ)

 

D Day News

မေလ ၁၄

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လေးမိုင်တာဝါတိုင်စခန်းကုန်းရှိ အကြမ်းဖက်စစ်သားများကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၇ ရက် နံနက် ၅ နာရီခန့်မှစ၍ သပိတ်ကျင်းမြို့နယ်၊ လေးမိုင်တာဝါတိုင်ကုန်း၌ အထိုင်ချ တပ် စွဲထားသော အကြမ်းဖက်စစ်သားများကို NTG Drone တပ်ဖွဲနှင့်ဂဠုန်ကြီး Drone တပ်ဖွဲ့တို့မှ Drone ဗုံးသီးများဖြင့် ကျဲချပြီး ရဲဘော်မှုကြီးဦးဆောင်သော လက်နက်ကြီးအဖွဲ့မှ တာဝေး ပစ်လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://youtu.be/Q1UQCug0JyU

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ တာဝါတိုင်စခန်းကုန်း၏ ကင်း ဘန် ကာအားသိမ်းပိုက်မိခဲ့ကြောင်း၊ ထို့နောက် အတွင်းခြံစည်းရိုးအထိ ချဉ်းကပ်၍ စခန်းသိမ်းပိုက်နိုင် ရေး အပြင်းအ ထန်ကြိုးစားခဲ့ရာ အသားစီးရခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က လေကြောင်းပစ် ကူ ၅ ကြိမ်တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် စခန်းကုန်းအား သိမ်းပိုက်နိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း လေးမိုင်ကျေးရွာမှ ပျူ ၂ ဦးကို အရှင်ဖမ်းမိခဲ့ပြီး အကြမ်းဖက်စစ်သား ထိ ခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ ၊ မင်းမခစစ်ကြာင်း ၊ NTG Drone တပ်ဖွဲ့၊ ဂဠုန်ကြီး တပ်ဖွဲ့နှင့် ကိုမှုကြီးဦးဆောင်သော လက်နက်ကြီးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...