Tha Beik Kyin News

Tha Beik Kyin News

သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းကို သိမ်းပိုက်မှု စစ်သား ၈ ဦး သေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၁

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၃ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၇ နာရီခန့်က သပိတ်ကျင်းမြို့နယ်အခြေစိုက် တပ်မတော် တန်း မြှင့်သင်တန်းကျောင်းမှ ဒု-အရာခံဗိုလ် ရွှေသိန်း ဦးစီး တတက-၁၃ ထုတ်နုတ်အင်အား ၁၆ ဦး ဖြင့် အခြေပြုနေသော အင်းနက် ကျေးရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ၂ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လေကြောင်းဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီး ၅ ဦး၊ တပ်ကြပ် ၃ ဦးသေဆုံးကာ ဒုအရာခံဗိုလ် ရွှေသိန်း၊ တပ်ကြပ်ကြီး ၄ ဦး၊ တပ်ကြပ် ၃ ဦးတို့ကို အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်သားများ ကိုင်ဆောင်အသုံးပြုသည့် လက်နက်ငယ် ၂၃ လက်၊ ကျည်မျိုးစုံ ၃၃၇၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးနှင့် ကျည်အိမ် ၉၉ ခု သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း -၃၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့ ၊ သပိတ်ကျင်းမြို့နယ် နှင့် တကောင်းတိုက်နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...