Taze News

Taze News

တန့်ဆည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၁၄

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Civil Armed Force ထံမှ သိရသည်။

 

ဇွန်လ ၁၁ ရက်နံနက်အစောပိုင်းက တန့်ဆည်မြို့နယ်၊ ဝါးရငယ် -ခင်နုဆည်ကျေးရွာတွင် တပ်စွဲထား သောအကြမ်း ဖက်စစ်တပ် စစ်သားများသည် ကျွန်းတောကုန်းကျေးရွာသို့ ထွက်ခွာလာပြီး ကျွန်း တောကုန်းကျေးရွာဓမ္မာရုံ၌ အထိုင်ချနေစဉ် နံနက် ၈ နာရီ ၅၆ မိနစ်၌ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

https://youtu.be/In-6NFR2Htw

အဆိုပါ တိုက်ခိုက်မှုကို CAF နှင့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

အထိနာသော အကြမ်းဖက် စစ်သားများက ကျွန်းတောကုန်းရွာ‌ ပတ်ချာလည်ကို လက်နက်ကြီး၊ လက်နက် ငယ်များ၊ ဒရုန်းများနှင့် ဗုံးသီးချခြင်းတို့ဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျွန်းတော ကုန်း ကျေးရွာ (မူးဘောင်)အထွက်ရှိ ပြည်သူ့နေအိမ်များ၊ စပါးအိတ်များဖြင့်ဘန်ကာများ တည် ဆောက်ကာ နင်းမိုင်းများ ခင်းထားခဲ့ကာ ညနေပိုင်းတွင် ဝါးရငယ်- ခင်နုဆည်ကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ထောက်ပို့ပစ္စည်းများကို လာရောက်ကောက်ယူသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အဖြူရောင် ဒီပဲယင်းပကဖ ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ...