Taze News

Taze News

တန့်ဆည်မြို့နယ်၊ ရွာသစ်ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သား၊ ပျူများကို ဗုံးကျဲ တိုက်ခိုက်မှု နာမည်ကြီးပျူ​ခေါင်း​ဆောင် ညွန့်ခိုင်​အပါအဝင် ပျူ​စောထီး ၆ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇွန်လ ၈

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာသစ်(ဝါးရငယ်) ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တန့်ဆည်မြို့နယ်မှ နာမည်ကြီးပျူ​စောထီး​​ခေါင်း​ဆောင် ညွန့်ခိုင်အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း Infinity Group ထံမှ သိရသည်။

 

မေလ ၃၁ ရက် ညနေပိုင်းက တန့်ဆည်မြို့အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ရွာသစ် (ဝါးရငယ်)ကျေး ရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တန့်ဆည်မြို့နယ်တွင် နာမည်ကြီးနေသော ပျူခေါင်းဆောင် ညွန့်ခိုင်အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း သိရဿည်။

https://youtu.be/rzA79nedC6I

​အဆိုပါ တိုက်ခိုက်မှုကို PEER TO PEER-P2P ဒရုန်းအဖွဲ့၊PRS LDFနှင့် ​​တန့်ဆည်မြို့နယ်အ​ခြေစိုက် ​ရွှေဘိုခရိုင်တပ်ရင်း ၁၀ တို့မှ ပူး​ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသွားသည် ပျူ​​ခေါင်း​ဆောင် ညွန့်ခိုင်သည် တန့်ဆည်မြို့နယ် ကာ​ပေါင်းကျရွာသားဖြစ်​ပြီး ၂၀၂၁ ခုနှစ် အ​စောပိုင်းကာလက စစ်​ကောင်စီအတွက် အလုပ်လုပ်ပေးသဖြင့် ကျေးရွာမှ ထွက်ပြေး တိမ်းရှောင်ရကာ ကန့်ဘလူပျူ​​ခေါင်း​ဆောင် သင်္ကန်းဝတ် ဝါသဝနှင့်ပူး​ပေါင်း၍ တန့်ဆည်မြို့နယ်အ​ရှေ့ခြမ်း မူးမြစ်ကမ်း​ဘေး​ကျေးရွာများကို ပျူ​အား​ကောင်း​စေရန် အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ် ကြောင်း သိရသည်။

 

ပျူ​ခေါင်းဆောင် ညွန့်ခိုင်သည် တန့်ဆည်မြို့နယ်နှင့်ကန့်ဘလူမြို့နယ်အစပ် ကဘဲ​ကျေးရွာ၌အ​ခြေချ ကာ စစ်​ကောင်စီ၏ နယ်​မြေရှင်းလင်း​ရေးစစ်​ကြောင်းနှင့်အတူလိုက်ပါ​လေ့ရှိပြီး ​နေအိမ်များမီးရှို့ခြင်း ၊ စစ်​ရှောင်ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းလုယက်ခြင်းများအား စိတ်ပါလက်ပါကျူး လွန်လျက်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့...